စင်ကာပူနိုင်ငံရှိ Management Development Institute of Singapore (MDIS) ကျောင်းမှ မေ ၂၀၁၃ Intake အမှီ ကျောင်းလျှောက်မည့် ကျောင်းသူ၊ ကျောင်းသားများကို Tuition Grant များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
အဆိုပါ Tuition Grant အတွက် သီးသန့် Qualification ပြစရာမလိုဘဲ MDIS ကျောင်းသို့ ဝင်ခွင့်ရရှိသူ ကျောင်းသူ၊ ကျောင်းသားတိုင်းအား ပေးအပ်သွားမည်ဖြစ်သည်။
Tuition Grant အနေနှင့် Advanced Diploma သို့ Higher Diploma တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားတိုင်းအတွက် SGD 500 ပေးအပ်သွားမည်ဖြစ်ပြီး Bachelor Degree တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားတိုင်းအတွက် SGD 1500 ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
Diploma တန်း မှ Bachelor တန်းအထိ တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများနှင့် Master တန်း တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများကို SGD 2000 ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ဖော်ပြပါ Tuition Grant အား ရယူလိုသည့် ကျောင်းသူ၊ကျောင်းသားများသည် ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးထား၍ STUDY ABROAD ရုံးခန်းတွင် လာရောက်လျှောက်ထားရမည်ဖြစ်ပါသည်။
အသေးစိတ်ကို STUDY ABROAD Information Centre တိုက် (အေ)၊ (၁၁ လွှာ)၊ အခန်းအမှတ် (၁၁၀၃) ၊ ဒိုင်းမွန်းကွန်ဒို၊ ပြည်လမ်း (မေတ္တာဦးဆေးခန်း အနီး) ၊ ကမာရွတ်မြို့နယ်။ ဖုန်း - ၀၉ ၅၁၅၁ ၀၀၈၊ ၀၉ ၇၃ ၂၄၂၄ ၀၄ သို့ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပြီ ဖြစ်သည်။