STUDY ABROAD Information Centre ‘ နိုင်ငံတကာ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ ’ တက်ရောက်သူတိုင်းကို International Education Guide 2015 မေတ္တာလက်ဆောင် ပေးသွားမည်။
STUDY ABROAD Information Centre မှ ကျောင်းသူ၊ ကျောင်းသားတို့ ပညာရေးနှင့် ပတ်သက်ပြီး အထူးသိကောင်းစရာများ အတွက် ဆွေးနွေးပွဲကို မန္တလေးမြို့တွင် ဖေဖော်ဝါရီလ (၂၈) ရက်နေ့၌ ကျင်းပပေးသွားမည် ဖြစ်ပါသည်။ နိုင်ငံတကာ ပညာရေးစနစ်များနှင့် ရွေးချယ်နိုင်သည့် ဘာသာရပ်များ အကြောင်းကို အထူးဆွေးနွေးပေးသွားမည် ဖြစ်ပြီး ပွဲတက်ရောက်သည့် ကျောင်းသူ၊ ကျောင်းသားတိုင်းကို ‘ International Education Guide 2015’ ကို အထူး မေတ္တာလက်ဆောင် ပေးသွားမည် ဖြစ်ပါသည်။